ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ 2L နံပါတ်များ ထုတ်ပေးမှု ကုန်ဆုံးခါနီးတွင် 3L အပူးနံပါတ် ခုနစ်ခုနှင့် 4L ၊ 5L ၊ 9L အက္ခရာတို့မှ အပူးနံပါတ်တစ်ခုစီ ကြိုတင်ရောင်းချထားပြီး ဖြစ်ကြောင်း ‘ထောက်ကြန့်ကညနရုံး၊ ကနဦးမှတ်ပုံတင်ဌာန’ မှ သိရသည်။

ကနဦးမှတ်ပုံတင်ဌာနမှ 2L အက္ခရာ ထုတ်ပေးနေစဉ်အတွင်း အက္ခရာစဉ်ဖြစ်သော 3L/1111 ကို ကျပ် ၂၂ သိန်း၊ 3L/2222 ကို ကျပ်သိန်းနှစ်ဆယ်၊ 3L/3333 ကို ကျပ် ၄၂ သိန်း၊ 3L/5555 ကို ကျပ်၂၂ သိန်း၊ 3L/7777 ကို ကျပ် ၄၆ သိန်း၊ 3L/8888 ကို ကျပ် ၄၄ သိန်း၊ 3L/9999 ကို ကျပ် ၄၆ သိန်း၊ 4L/9999 ကို ကျပ်သိန်းငါးဆယ်၊ 5L/8888 ကို ကျပ်သိန်းရှစ်ဆယ်နှင့် 9L/9999 ကို ကျပ် ၁၄၂ သိန်းတို့ဖြင့် ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။

“ဒီတစ်ပတ်မှာတော့ လေးလုံးပူးနံပါတ်အလှ လေးခု ထပ်မံ ရောင်းချရပါတယ်၊ ယာဉ်ပိုင်ရှင်စိတ်ကြိုက် နံပါတ်တွေနဲ့ ရှေ့ပူး၊ နောက်ပူး၊ သုံးလုံးပူး နံပါတ်တွေလည်း ရောင်းရပါတယ်” ဟု ကနဦး မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တစ်ပတ်အတွင်း ယာဉ်ပိုင်ရှင်စိတ်ကြိုက် ကနဦးမူသေနံပါတ်ရွေးချယ်ဝယ်ယူမှုအရ 2L/6699 ၊ 2L/5775 ၊ 2L/6766 ၊ 2L/6668 ၊ 2L/6969 ၊ 2L/6168 ၊ 2L/ 6622 ၊ 2L/6866 ၊ 2L/6678 ၊ 2L/7164 ၊ 2L/6996 ၊ 2L/7666 ၊ 2L/7733 ၊ 2L/7729 ၊ 2L/ 7299 ၊ 2L/7575 ၊ 2L/7878 ၊ 2L/7599 ၊ 2L/7536 ၊ 2L/7771 ၊ 2L/7677 ၊ 2L/6363 ၊ 2L/ 7890 ၊ 2L/7988 ၊ 2L/7755 ၊ 2L/8100 ၊ 2L/7899 ၊ 2L/8188 ၊ 2L/7734 ၊ 2L/7020 ၊ 2L/ 7767 ၊ 2L/8055 ၊ 2L/7969 ၊ 2L/8383 နံပါတ်များကို ကျပ်ငါးသိန်းစီဖြင့် လည်းကောင်း၊ 2L/ 6888 ၊ 2L/ 7477 ၊ 2L/6993 ၊ 2L/7707 ၊ 2L/7171 ၊ 2L/7778 ၊ 2L/7557 ၊ 2L/7797 ၊ 2L/ 7776 ၊ 2L/7997 ၊ 2L/7770 ၊ 2L/7444 ၊ 2L/7979 ၊ 2L/9009 ၊ 2L/ 8886 ၊ 2L/9099 ၊ 2L/ 9394 နံပါတ်များကို ကျပ် ခြောက်သိန်းစီဖြင့် လည်းကောင်း၊ 2L/7711 ၊ 2L/ 7722 ၊ 2L/7779 ၊ 2L/7799 ၊ 2L/7889 ၊ 2L/8811 ၊ 2L/ 9899 ၊ 2L/9919 ၊ 2L/9992 နံပါတ်များကို ကျပ်ခုနစ်သိန်းစီဖြင့် လည်းကောင်း၊ 2L/8800 ၊ 2L/ 9779 ၊ 2L/8999 ၊ 2L/9307 ၊ 2L/9933 ၊ 3L/1188 နံပါတ်များကို ကျပ်ရှစ်သိန်းစီဖြင့် လည်းကောင်း၊ 3L/2999 ကို ကျပ်ကိုး သိန်းဖြင့်လည်းကောင်း၊ 3L/3888 ၊ 3L/3666 ၊ 3L/1919 နံပါတ်များ ကို ကျပ် ၁၀ သိန်းစီဖြင့် လည်းကောင်း၊ 3L/2277 ၊ 3L/3699 နံပါတ်များကို ကျပ် ၁၁ သိန်းစီဖြင့် လည်းကောင်း၊ 3L/5112 နံပါတ်ကို ကျပ် ၁၃ သိန်းဖြင့်လည်းကောင်း၊ 3L/8833 ကို ကျပ် ၁၅ သိန်းဖြင့် လည်းကောင်း ရောင်းချပြီးဖြစ်ကြောင်း သိရသည်။

ကိုဘုန်း