ထိုသို့ မြန်မာနိုင်ငံ Automobile Policy ရေးဆွဲရေး Taskforce တွင် ဦးခင်မောင်ကျော်က ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ဒုဥက္ကဌများအဖြစ် ဦးဇော်မင်းဝင်း၊ဦးမြဟန်၊ဒေါက်တာစိုးထွန်း၊ အတွင်းရေးမှုးအဖြစ် ဦးအေးလွင်၊ တွဲဖက်အတွင်းရေးမှုးများအဖြစ် ဦးဆန်းဦး၊ဦးအောင်ဝင်း၊ ဦးမျိုးဇင်ဝင်းနှင့် အဖွဲ့ဝင်အဖြစ် Working Group များမှ ကိုယ်စားလှယ်တစ်ဦးစီ အပါအ၀င်ဖြစ်သည်။
Working Group များဖွဲ့စည်းခဲ့ရာတွင် Group 1 တွင် Car Dealers/Showrooms (Used & New Cars)မှ ဦးအောင်ဇော်ဦး၊ဦးမျိုးမြင့်(၁)၊ဦးမိုးကျော်စွာ၊ဦးခင်ထွန်း၊ဦးမျိုးဇော် Group 2 တွင် Automotive Assemblers မှ ဦးသန့်ဇင်၊ ဦးဇော်ထိုက်အေး ၊ဦးအေးချို၊ ဦးစိန်လွင်၊ Mr.Mike Pease ၊ဦးအေးထွန်း ၊ Group 3 တွင် Parts & Components မှ ဦးသိန်းဟန်၊ဦးမျိုးမြင့်(၂)၊ ဦးခင်မောင်ချို၊ဦးထွန်းအောင်ကျော်၊ဦးထူးအောင်လင်း၊ Group 4 တွင် Policy,Regulatory, Duties & Taxes,Incentives မှ ဦးမိုးကျော်၊ဦးထွန်းအေး၊ ဦးဝင်းမင်းနိုင်၊ဦးဌေးအောင်၊ ဦးအေးထွန်း၊ Ms.Paula၊ Mr.Keiihi Wada၊Group-5 တွင် Standards,Safety, Environment မှ ဦးမြင့်ဇော်၊ ဦးကျော်စွာထွန်းမြင့်၊ဦးအောင်မြင့်၊ ဦးလင်း၊ဦးမျိုးမြင့်သိန်း၊ Group 6 တွင် Supporting Services, After-Sale Service,Trading, HRD ဦးအောင်ကြည်စိုး၊ ဒေါက်တာ ကျော်ကျော်အောင်၊ဦးမြင့်ဖေ၊ဦးစိန်ထွန်း ၊ဦးအောင်မင်း၊ Mr.Michael Rudenmark တို့ပါဝင်ကြောင်း သိရသည်။

Automobile Policy ရေးဆွဲရေးနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းမှ အတွင်းရေးမှုး ကိုမျိုးဇင်ဝင်းက “Automobile Policy ရေးဆွဲပြီးရင် ဘာတွေဖြစ်လာနိုင်လဲဆိုတော့ CKD/SKD တွေ ၀င်လာတဲ့အတွက် မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်၊ အဲဒီအချိန်ကျရင် ကားဈေးတွေ သက်သာလာပြီး Used ကားတင်သွင်းမှုတွေလည်း လျော့ကျလာမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ကားဝယ်စီးမယ့်သူတွေအနေနဲ့လည်း Brand အစုံကကားအသစ်တွေကိုလည်း စီးလာနိုင်မှာဖြစ်ပါတယ်”ဟုဆိုသည်။ ကိုရဲ