ကားတင်သွင်းမှုများ ဆက်လက်မြင့်တက်နေသော်လည်း ကားပါကင်များမှာ တဖြည်းဖြည်းရှားပါးလာသောကြောင့် ကားပါကင်ထောက်ခံချက်မှာ ဈေးအဆမတန် မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။ သင်္ကြန်ကာလမတိုင်မီက ကားပါကင်ထောက်ခံချက် တစ်စောင်လျှင် ကျပ်သုံးသိန်းခွဲဝန်းကျင်ရှိခဲ့ရာမှ ဧပြီလကုန်တွင် ကျပ်ခြောက်သိန်းဝန်းကျင်အထိ မြင့်တက်သွားခဲ့ကြောင်းသိရသည်။

“ဆိပ်ကမ်းမှာ ထုတ်ဖို့ကားတွေ အများကြီးရှိပေမဲ့ ကားပါကင်ထောက်ခံချက်မရလို့ ကြန့်ကြာနေပါတယ်၊ တချို့ကလည်း အမြန်ရရင်ပြီးရောဆိုပြီး ကားပါကင်ထောက်ခံချက်တွေကို ရတဲ့ဈေးနဲ့ဝယ်ယူလာကြတဲ့အတွက် ဈေးတွေ တဖြည်းဖြည်းမြင့်တက်ကုန်ပါတယ်၊ ကားပါကင်ထောက်ခံချက်ဈေးမြင့်တက်မှုနဲ့ စလစ်ဈေးမြင့်တက်လာတာကြောင့် ဒီရက်ပိုင်းမှာ အရောင်းအ၀ယ်ပြုလုပ်ရတာ အမြတ်ရဖို့ဆိုတာမလွယ်တော့ပါဘူး”ဟု ကားဝယ်/ရောင်းတစ်ဦးက ပြောသည်။
ကိုရဲ၊ အောင်ပြည့်